အမေ...မနေ့က တပို့တွဲလပြည့်နေ့လေ။
မှတ်မိသေးတယ်မှတ်လား။
လွန်ခဲတဲ့ နှစ်ပေါင်း၃၇နှစ်လောက်က
ဒီလိုနေ့ရဲ့ညတစ်ညမှာ အသက်နဲ့ရင်းပြီး
သမီးကို ဒီလောကထဲခေါ်ဆောင်လာပေးခဲ့တာ။
ဒီလပြည့်နေ့ရောက်တိုင်း
ဒီနေ့က သမီးမွေးနေ့ပေါ့၊ ရာဟုသမီးလေးလေ။
မွေးကာစလေးမှာထဲက ခေါင်းလေးကိုမတ်နေတာပဲလို့
ပြန်ပြောပြတတ်တဲ့...အမေ
ခုတော့...ဘယ်ဆီမှာရောက်နေပြီလဲအမေရယ်..........။
နှုတ်ခွန်းဆက်
မင်္ဂလာပါ။
Saturday, February 15, 2014
Wednesday, January 8, 2014
မင်း... ဘာလဲ၊ဘာလုပ်နေလဲ၊ဘာလုပ်မှာလဲ....
မင်း...ဘာလဲ ဆိုတော့
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ
တစ်ထပ်တည်း မကျနေတဲ့သူ
တစ်ယောက်ပေါ့။
မင်း...ဘာလုပ်နေလဲ ဆိုတော့
ပြောကြတာတော့
ဒီဇိုင်းနာတဲ့ ဒါပေမယ့်
ဝါသနာကျဲလို့လား
ပါရမီကဘဲ နည်းလို့လား
ပြောင်မြောက်တဲ့ ဖန်တီးမှု
ငါ... အခုထိမရှိသေး။
ဓါတ်သိတွေကတော့ ပြောကြတယ်
မင်းတို့နေရာက သင်တန်းကျောင်းကြီးတဲ့။
သင်ပေးလိုက် ထွက်သွားလိုက်နဲ့။
စီနီယာမမကတော့ပြောတယ်
ဒို့ ဒီဇိုင်းဟောက်စ်က Tea House က
နံပြားဖိုလို ဟိုဘက်တစ်ချက်လှန်
ဒီဘက်တစ်ချက်လှန်
ဘတ်.. ဘတ်..ဘတ်.. နဲ့
ဟောတစ်ချက် ဟောတစ်ချက်
ရော့ရပြီ အင့်တဲ့။
တစ်ကယ်ဆိုတော့ အနုပညာဖန်တီးတာ
ရင်ထဲကဖီလင်လာမှ
ပီပြင်တဲ့ အရောင်တောက်နိုင်တာမို့
ငါ့ကို အချိန်နည်းနည်းလောက်တော့ပေးပါ။
ဖြစ်ချင်တာပြောရရင်တော့...
မြေဖြူကိုင်တဲ့လက်ပိုင်ရှင်
ခုတော့ ကီးဘုတ်နဲ့ မောက်စ်
ကတောက် ကတောက်....
ငါ့လက်တစ်ဖက်ကိုမြှောက်...
မြေဖြူခဲကိုင်နိုင်တဲ့အချိန်အထိ...
ငါ့အိပ်မက် ဆက်မက်ခွင့်ရှိသေးတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ
တစ်ထပ်တည်း မကျနေတဲ့သူ
တစ်ယောက်ပေါ့။
မင်း...ဘာလုပ်နေလဲ ဆိုတော့
ပြောကြတာတော့
ဒီဇိုင်းနာတဲ့ ဒါပေမယ့်
ဝါသနာကျဲလို့လား
ပါရမီကဘဲ နည်းလို့လား
ပြောင်မြောက်တဲ့ ဖန်တီးမှု
ငါ... အခုထိမရှိသေး။
ဓါတ်သိတွေကတော့ ပြောကြတယ်
မင်းတို့နေရာက သင်တန်းကျောင်းကြီးတဲ့။
သင်ပေးလိုက် ထွက်သွားလိုက်နဲ့။
စီနီယာမမကတော့ပြောတယ်
ဒို့ ဒီဇိုင်းဟောက်စ်က Tea House က
နံပြားဖိုလို ဟိုဘက်တစ်ချက်လှန်
ဒီဘက်တစ်ချက်လှန်
ဘတ်.. ဘတ်..ဘတ်.. နဲ့
ဟောတစ်ချက် ဟောတစ်ချက်
ရော့ရပြီ အင့်တဲ့။
တစ်ကယ်ဆိုတော့ အနုပညာဖန်တီးတာ
ရင်ထဲကဖီလင်လာမှ
ပီပြင်တဲ့ အရောင်တောက်နိုင်တာမို့
ငါ့ကို အချိန်နည်းနည်းလောက်တော့ပေးပါ။
ဖြစ်ချင်တာပြောရရင်တော့...
မြေဖြူကိုင်တဲ့လက်ပိုင်ရှင်
ခုတော့ ကီးဘုတ်နဲ့ မောက်စ်
ကတောက် ကတောက်....
ငါ့လက်တစ်ဖက်ကိုမြှောက်...
မြေဖြူခဲကိုင်နိုင်တဲ့အချိန်အထိ...
ငါ့အိပ်မက် ဆက်မက်ခွင့်ရှိသေးတယ်။
Saturday, December 21, 2013
အဖြူရောင်
ငါရဲ့ အိပ်မက်စောင့်နတ်သမီးရယ်...
မင်း.... သွားများပြောလိုက်လေသလား
သူ့ကို ကိုယ်အရမ်းသတိရနေတယ်ဆိုတဲ့အကြောင်း...
ဒါမှမဟုတ်.....သူကများစေခိုင်းလိုက်သလား...
မင်းကို...ငါ့အိပ်မက်တွေ ဖန်ဆင်း သူ့သတင်းလေးပါးဖို့ကိုပေါ့....
တကယ်တော့ ရင်တွင်းကသံယောဇဉ်...
သူသိအောင်ပြောပြချင်ပေမယ့်...
အဖြူရောင်ဒီကြိုး... အရောင်တွေမဆိုးကောင်းတာမို့...
ဒဏ်ချက်မကင်းတဲ့..ငါ့နှလုံးသား
ရော်ရွက်ဝါတစ်စင်းကို...လုံခြုံအောင်သော့ခတ်လို့...
သော့တံကိုတော့ ကဗျာမြစ်ထဲမျှောချလိုက်တယ်..
အိပ်မက်ပင်လယ်ထဲသို့...စီးဆင်းစေ........................။

Tuesday, November 26, 2013
အိပ်မက် မက်သူ....ငါ
မနေ့ကအိပ်မက်လား ဒီနေ့ကပဲ...အိပ်မက်လား၊
တကယ်ဆိုတော့....
ငါဟာ အိပ်မက်ထဲတောင် အိပ်မက် မက်နေတတ်သူတစ်ယောက်မို့၊
လေဟာနယ်ထဲ လျှောက်လှမ်းရသလို၊
တိမ်စိုင်တွေကို ဖမ်းဆုပ်မိရက်၊
အိပ်မက်တွေ........ဆက်မက်နေဦးမယ်။
တကယ်ဆိုတော့....
ငါဟာ အိပ်မက်ထဲတောင် အိပ်မက် မက်နေတတ်သူတစ်ယောက်မို့၊
လေဟာနယ်ထဲ လျှောက်လှမ်းရသလို၊
တိမ်စိုင်တွေကို ဖမ်းဆုပ်မိရက်၊
အိပ်မက်တွေ........ဆက်မက်နေဦးမယ်။
Saturday, October 5, 2013
တူ....................၀ါးး)))))))
ကလေးလေးတွေကို တူတူရေ...၀ါးဆိုပြီး ကျီစယ်ဖူးကြမှာပေါ့။ ကိုယ့်မျက်နှာကို လက်ဝါးနဲ့အုပ်ထားလိုက်တဲ့အခါ သူရဲ့မျက်နှာမှာ(တကယ်ပျောက်သွားတယ်ထင်ပြီး) ဝေခွဲရခက်နေတဲ့ စိတ်ရှုပ်နေပုံလေး၊ ကွယ်ထားတဲ့လက်ကိုဖယ်ပြီး...၀ါး....လို့ပြောလိုက်တဲ့အခါမှာ သူ့ပါးစပ်လေးကနားရွက်တက်ချိတ်မတတ် အားရပါးရပျော်ရွှင်ရယ်မောလိုက်တဲ့ပုံလေးကို တွေ့ဖူးကြမှာပေါ့။
ဒါကိုလက်တွေ့ကျကျစူးစမ်းပြီး တွေ့ရှိချက်ကတော့ သူနှစ်သက်တဲ့အရာ ပျောက်ဆုံးသွားပြီလို့ ထင်နေတဲ့အခိုက်မှာ ရုတ်တရက် ပြန်တွေ့လိုက်ရတဲ့အတွက် အရမ်းပျော်ရွှင်သွားရတာတဲ့။....
ဒီလိုပါပဲ..... ကျမတို့လည်း ကိုယ်ချစ်တဲ့သူ၊ ခင်မင်ရတဲ့သူတွေ ကိုယ့်ရှေ့ကပျောက်ကွယ်သွားတာကြုံဖူးကြတယ်။ တစ်ခါတစ်လေမှာတော့ သူတို့များ ကိုယ့်ရှေ့ ဘွား...ခနဲရောက်လာမလားလို့ မျှော်လင့်ခဲ့ဖူးပါတယ်။ မျှော်လင့်နေမိပါတယ်။ ဒီလို...း)))) ပျော်ရွှင်မှုများရနိုင်ဦးမလား...လို့မျှော်လင့်ရင်း...........

Saturday, September 21, 2013
Subscribe to:
Posts (Atom)

1_Page_01.png)
1_Page_02.png)
1_Page_03.png)
1_Page_04.png)
1_Page_05.png)
1_Page_06.png)
1_Page_07.png)
1_Page_08.png)
1_Page_09.png)
1_Page_10.png)
1_Page_11.png)
1_Page_12.png)