နှုတ်ခွန်းဆက်

မင်္ဂလာပါ။ လာလည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

Thursday, November 20, 2014

လက်ခုပ်သံကြားမှ.........

စင်မြင့်ကြောက်တတ်သူ....ငါ
လက်ခုပ်သံကြားမှ  ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့...
ဟာ....ဘယ်သူတွေများငါ့အောက် ခုံလာခုသွားပါလိမ့်...
ဒါဆို...စောစောက လက်ခုပ်သံက
ငါ့ကိုအားပေးနေတာလား...ဒါမှမဟုတ်
ဟေ့....မင်း စင်အောက်ပြန်ဆင်းလို့
လှမ်းအော်နေတာလား...
နေပါကွာ...မင်းတို့ခုံပြန်ယူထားလိုက်
ငါ့ဘာငါ ခပ်အေးအေးလေး နေပါရစေ။
ချီးမွမ်းကဲ့ရဲ့သံတွေ မုန်းလွန်းလို့....။