နှုတ်ခွန်းဆက်

မင်္ဂလာပါ။ လာလည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

Saturday, December 21, 2013

အဖြူရောင်

ငါရဲ့ အိပ်မက်စောင့်နတ်သမီးရယ်...
မင်း.... သွားများပြောလိုက်လေသလား
သူ့ကို ကိုယ်အရမ်းသတိရနေတယ်ဆိုတဲ့အကြောင်း...
ဒါမှမဟုတ်.....သူကများစေခိုင်းလိုက်သလား...
မင်းကို...ငါ့အိပ်မက်တွေ ဖန်ဆင်း သူ့သတင်းလေးပါးဖို့ကိုပေါ့....
တကယ်တော့ ရင်တွင်းကသံယောဇဉ်...
သူသိအောင်ပြောပြချင်ပေမယ့်...
အဖြူရောင်ဒီကြိုး... အရောင်တွေမဆိုးကောင်းတာမို့...
ဒဏ်ချက်မကင်းတဲ့..ငါ့နှလုံးသား
ရော်ရွက်ဝါတစ်စင်းကို...လုံခြုံအောင်သော့ခတ်လို့...
သော့တံကိုတော့ ကဗျာမြစ်ထဲမျှောချလိုက်တယ်..
အိပ်မက်ပင်လယ်ထဲသို့...စီးဆင်းစေ........................။

Thursday, December 5, 2013