နှုတ်ခွန်းဆက်

မင်္ဂလာပါ။ လာလည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

Saturday, October 5, 2013

တူ....................၀ါးး)))))))

          ကလေးလေးတွေကို တူတူရေ...၀ါးဆိုပြီး ကျီစယ်ဖူးကြမှာပေါ့။ ကိုယ့်မျက်နှာကို လက်ဝါးနဲ့အုပ်ထားလိုက်တဲ့အခါ သူရဲ့မျက်နှာမှာ(တကယ်ပျောက်သွားတယ်ထင်ပြီး) ဝေခွဲရခက်နေတဲ့ စိတ်ရှုပ်နေပုံလေး၊ ကွယ်ထားတဲ့လက်ကိုဖယ်ပြီး...၀ါး....လို့ပြောလိုက်တဲ့အခါမှာ  သူ့ပါးစပ်လေးကနားရွက်တက်ချိတ်မတတ် အားရပါးရပျော်ရွှင်ရယ်မောလိုက်တဲ့ပုံလေးကို တွေ့ဖူးကြမှာပေါ့။
ဒါကိုလက်တွေ့ကျကျစူးစမ်းပြီး တွေ့ရှိချက်ကတော့ သူနှစ်သက်တဲ့အရာ ပျောက်ဆုံးသွားပြီလို့ ထင်နေတဲ့အခိုက်မှာ ရုတ်တရက် ပြန်တွေ့လိုက်ရတဲ့အတွက် အရမ်းပျော်ရွှင်သွားရတာတဲ့။....
       ဒီလိုပါပဲ..... ကျမတို့လည်း ကိုယ်ချစ်တဲ့သူ၊ ခင်မင်ရတဲ့သူတွေ ကိုယ့်ရှေ့ကပျောက်ကွယ်သွားတာကြုံဖူးကြတယ်။ တစ်ခါတစ်လေမှာတော့ သူတို့များ ကိုယ့်ရှေ့ ဘွား...ခနဲရောက်လာမလားလို့ မျှော်လင့်ခဲ့ဖူးပါတယ်။ မျှော်လင့်နေမိပါတယ်။ ဒီလို...း)))) ပျော်ရွှင်မှုများရနိုင်ဦးမလား...လို့မျှော်လင့်ရင်း...........

1 comment: