မျက်စိကိုမှိတ်၊ မီးကိုပိတ်
လူခြေတိတ်အိပ်ရာဝင်
အိပ်နိုင်ပါဘူး
ဘယ်လှိမ့်လို့ ညာကိုလူး
မှန်း......ကြည့်စမ်းပါဦး
ငါ့နှလုံးသားမှာ
သံယောဇဉ်ဆိုတဲ့ ဆူးတစ်ချောင်း
နစ်ဝင်ခဲ့ပါရော့လား။
မသိခင် ၀င်လာခဲ့တဲ့ဒီဆူး
ငါကိုယ်တိုင် အနှုတ်ခက်လို့
မင်းကိုယ်တိုင်ပြန်လာနှုတ်လှည့်
ဂျူလိုင်မိုးနဲ့အတူ ပြေးသူ.....
နှုတ်ခွန်းဆက်
မင်္ဂလာပါ။
Thursday, August 15, 2013
Thursday, August 8, 2013
Sunday, August 4, 2013
သစ်မြစ်လေး...ငါ
ဘ၀တလျှောက်လုံး
ငါဟာ
မြေကြီးအောက်မှာသာ
တိတ်ဆိတ်ငြိမ်သက်စွာ
နေထိုင်ကြီးပြင်းခဲ့ရတာဖြစ်တယ်...
တစတစ
ငါ့ဘ၀ဟာ
အောက်ဖက်ကိုသာနိမ့်ဆင်း
ကမာပေါ်မှာတော့
နေတစ်စင်း
ထွန်းလင်းနေပါလိမ့်မယ်
ငါယုံကြည်တယ်။
သစ်ကိုင်းများအထက်က
ချိုမြကြည်လင်
ငှက်ကလေးတွေရဲ့တေးသံလွင်
ငါ...
ဘယ်တော့မှနားမဆင်ရပါ...
ညှင်းလေနုအေးရဲ့
ပိုက်ထွေးချော့မြှူမှုများ
ငါဘယ်တော့မှမခံစားရပါ။
ဒါပေမယ့်
အဲဒီအကြောင်းတွေအတွက်
ငါဘယ်တော့မှစိတ်မကောင်း
မဖြစ်ခဲ့ပါ...
အကိုင်းအခက်
အရွက်ဖားဖား
အပွင့်ကားကား
အသီးများကြီးထွားစေဖို့
ငါ...
ငါ့နှလုံးသွေးတွေကို
အမြဲပို့လျှက်ပါ...
ဖတ်ခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်ပါ.............
Saturday, July 13, 2013
ငြိမ်းချမ်းအေးမြပါစေသား
ကြုံကြတဲ့ခဏ ဆုံရတဲ့ဒီဘ၀မှာ
မိသားစုဆိုတဲ့ သိုက်မြုံလေးထဲ
အေးအတူ ပူလည်းမခွဲ
ယှဉ်တွဲအတူနေလာရင်း
နှုတ်မဆက်ပါ ရုတ်တရက်မှာ
သူထွက်သွားခဲ့။
ပြန်လာလိမ့်နိုး မျှော်ကိုးရင်းနဲ့
စောင့်စားသူမှာ အခါနှောင်းမှသိခဲ့ရ
သူပြန်မလာနိုင်တော့ပါပြီလား။
ပြန်မလာနိုင် သံသရာတိုင်ခရီးဆက်သူအတွက်
ရောက်လေရာမှာ ငြိမ်းချမ်းအေးမြပါစေသား။
(30.6.2013 sunday မှာ ကွယ်လွန်ခဲ့လေသောကျေးဇူးရှင်အမေ့ကို သတိရစွာဖြင့်...)
Friday, March 15, 2013
အချိန်ဟာအဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး
အချိန်ဟာအဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလို့ဆိုကြတယ်။ ကောင်းတဲ့အလုပ်တစ်ခုကိုလုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ခုပဲစလိုက်ပါဆိုတဲ့စကားကသိပ်မှန်တာပဲ။ Present is the Best Tmie တဲ့။ ကျွန်မတို့ဘ၀မှာ တစ်ရက်၊ တစ်နာရီ၊ တစ်မိနစ်လေး နောက်ကျလို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတွေလည်းရှိဖူးခဲ့ကြပါတယ်။ ကိုယ့်ရဲ့ဘ၀မှာရရှိလာတဲ့အဖိုးတန်လှတဲ့အချိန်တွေကို မိမိနဲ့ မိမိပါတ်ဝန်းကျင်အတွက် အကျိုးရှိအောင်အသုံးချသင့်ပါတယ်။ လူတွေဟာကိုယ့်ရဲ့လုပ်ဆောင်နိုင်တဲ့စွမ်းရည်ကို အသုံးမပြုပဲပစ်ထားတာကြာရင် ပျင်းရာကနေညံ့ဖျင်းသွားတတ်ပါတယ်။ ဓားများကိုအသုံးမပြုပဲကြာရှည်ပစ်ထားရင် သံချေးတက်သလိုပေါ့။ ဒီလိုမဖြစ်ရလေအောင် အားနေတဲ့အချိန်လေးတွေကို အကျိုးရှိအောင်အသုံးချနိုင်ကြပါစေလို့။
Saturday, December 15, 2012
Subscribe to:
Posts (Atom)




