နှုတ်ခွန်းဆက်

မင်္ဂလာပါ။ လာလည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

Saturday, July 13, 2013

ငြိမ်းချမ်းအေးမြပါစေသား

ကြုံကြတဲ့ခဏ ဆုံရတဲ့ဒီဘ၀မှာ
မိသားစုဆိုတဲ့ သိုက်မြုံလေးထဲ
အေးအတူ ပူလည်းမခွဲ
ယှဉ်တွဲအတူနေလာရင်း
နှုတ်မဆက်ပါ ရုတ်တရက်မှာ
သူထွက်သွားခဲ့။
ပြန်လာလိမ့်နိုး မျှော်ကိုးရင်းနဲ့
စောင့်စားသူမှာ အခါနှောင်းမှသိခဲ့ရ
သူပြန်မလာနိုင်တော့ပါပြီလား။
ပြန်မလာနိုင် သံသရာတိုင်ခရီးဆက်သူအတွက်
 
ရောက်လေရာမှာ ငြိမ်းချမ်းအေးမြပါစေသား။
(30.6.2013 sunday မှာ ကွယ်လွန်ခဲ့လေသောကျေးဇူးရှင်အမေ့ကို သတိရစွာဖြင့်...)

1 comment:

  1. မနက်ဖန်ဆို တစ်နှစ်ပြည့်ပြီ... ဘယ်ဆီမှာများရောက်နေလဲ...အေးချမ်းတဲ့ အရိပ်မှာခိုလှုံနိုင်ပါစေ....အမေ....

    ReplyDelete