နှုတ်ခွန်းဆက်

မင်္ဂလာပါ။ လာလည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

Saturday, August 17, 2013

Suspended Coffee (ဆိုင်းငံ့ထားသောကော်ဖီတစ်ခွက်)

ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာလေးတခုပါ။
(လူနှစ်ယောက်က ကော်ဖီဆိုင်တစ်ဆိုင်မှာကော်ဖီထိုင်သောက်နေတုန်း ကောင်လေး၂ယောက်ဝင်လာပြီး၊
 ကော်ဖီမှာသောက်တယ်။ သူတို့၂ယောက်အတွက် ကော်ဖီ၂ခွက်နဲ့ suspended coffee ၃ခွက်တဲ့။ သူတို့ကော်ဖီတစ်ယောက်တစ်ခွက်သောက်ပြီး ခဏနေတော့ ပိုက်ဆံရှင်းတော့ ၅ခွက်စာရှင်းပြီး
 ပြန်ထွက်သွားကြတယ်။ နောက် ထပ်တစ်ယောက်ရောက်လာပြီး သူ့အတွက်ကော်ဖီတစ်ခွက်နဲ့ suspended coffee ၂ခွက် မှာပြန်တယ်။ ဒီအခါမှာ ကော်ဖီထိုင်သောက်နေတဲ့လူတစ်ယောက်က suspended coffee ဆိုတာ ဘာလည်းဆိုတာသိချင်လာတဲ့အတွက် ပါလာတဲ့သူငယ်ချင်းကို မေးကြည့်ပါတယ်။ သူငယ်ချင်းဖြစ်သူက မင်းခဏလောက်စောင့်ကြည့်ပါတဲ့။ ဒါနဲ့သူလည်းဆက်ထိုင်နေလိုက်တယ်။ အဲ... မကြာခင်မှာပဲ အဖိုးအိုတစ်ယောက် တောင်ဝှေးလေးကိုင်လို့ဆိုင်ပေါက်ဝမှာရပ်ပြီး suspended coffee လေးများရနိုင်မလားခင်ဗျာ လာမေးပါတယ်။ ဒီအခါ ဆိုင်ရှင်က ခပ်ပြုံးပြုံးလေးနဲ့ ဟုတ်ကဲ့ ရှိပါတယ်ဆိုပြီး အသင့်ဖယ်ထားတဲ့ကော်ဖီတွေထဲက တစ်ခွက်စာကို အဖိုးအိုကို ထည့်ပေးလိုက်ပါတယ်။
အဖိုးအိုလည်း သူ့အတွက်ထည့်ပေးတဲ့ ကော်ဖီခွက်လေးကိုယူပြီး လွတ်နေတဲ့ စားပွဲခုံ တစ်ခုမှာ အေးအေးဆေးဆေး ထိုင်သောက်နေပါတော့တယ်။  အဲ... မကြာခင်မှာ ကလေးနှစ်ယောက် ဆိုင်ရှေ့ရောက်လာပြီးsuspended coffee ရနိုင်မလားလို့ထပ်မေးလာပြန်တယ်။ဆိုင်ရှင်ကလည်း
ရှိပါတယ်၊ ခဏလေးနော်ဆိုပြီး အသင့်ဖယ်ထားတဲ့coffee ၂ခွက်ကို အိတ်လေးနဲ့ထည့်ပေးလိုက်
ပြန်တယ်။ ကလေး၂ယောက်ကလည်းကျေးဇူးတင်ပါတယ်ဆိုပြီးယူသွားပါတယ်။  ဒီတော့မှ သူလည်းသဘောပေါက်သွားပါတော့တယ်။)...
      ဒီဇာတ်လမ်းလေးထဲကလိုပဲ ကိုယ်တတ်နိုင်သလောက်ကို မတတ်နိုင်သူတွေအတွက် မျှဝေပေးနိုင်ကြမယ်ဆိုရင် သိပ်ကောင်းမှာပဲနော်.....


No comments:

Post a Comment