နှုတ်ခွန်းဆက်
မင်္ဂလာပါ။ လာလည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။
Wednesday, June 15, 2011
ရိုးသား၊ကြိုးစား ရည်မှန်းချက်ပန်းတိုင်ဆီ
 ဒီဇွန်လဆန်း ၁၃ ရက်ကစပြီး ကျမအလုပ် posting ပြောင်းသွားပါပြီ။ ခုလုပ်ရတဲ့နေရာက လူတော့တအား ပင်ပန်းတယ်။ စတိုကိုင်ရမှာဆိုတော့ ခုကစလို့  ကျမအတွက်တော့ လုပ်ငန်းနယ်ပယ်အသစ်ပေါ့။ အစစအရာရာ ဘယ်ပစ္စည်း ဘယ်နားမှာထားတယ်၊ အရေအတွက်ဘယ်လောက်ရှိလို့ ၊ ဘယ်လောက် ကျန်တယ်ဆိုတာတွေသိရဖို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ရ၊မှတ်ရနဲ့ ချွေးဒီးဒီး ကျတဲ့အထိပါပဲ။ ဒါပေမယ့် ဒီတာဝန်ယူရတဲ့ အတွက်ကျမ ပျော်ပါတယ်။ အရင်ကဆို ကျမရဲ့ တာဝန် ကAccount နဲ့ Adminရဲ့  လက်ထောက်ဆိုပေမယ့် သူတို့ ရဲ့ အကူ၊ခိုင်းတာပဲလုပ်နေရတာလေ။ကျမက အလုပ်ကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်လုပ်၊ အကျိုးခံစားခွင့်ကိုလည်း ကိုယ်ဆောင်ရွက်တာနဲ့ ထိုက်တန်အောင်
ရယူချင်ပါတယ်။ ခုတော့ ကျမအတွက်ဒီလမ်းစ ပွင့်ပြီလို့ ထင်ပါတယ်။ ကိုယ်တတ်နိုင်သမျှ ဆောင်ရွက်နိုင်စွမ်းရှိတဲ့အထိ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားရင်း...ပန်းတိုင်ဆီသို့ ချီတက်လျှက်။
Thursday, May 5, 2011
TBS Bus Terminal- KL (သို့ ) KL ကားဂိတ်သစ်
Address: Terminal Bersepadu Selatan - Bandar Tasik Selatan, Jalan Terminal Selatan, 57100 KL. 2011 January 1 ရက်နေ့ က စတင်ဖွင့်လှစ်ခဲ့တဲ့ KL ကားဂိတ်ပါ။ အရင်နေရာ Puduraya မှာမဟုတ်တော့ဘူးနော်။
TBS Bus Terminal - KL ကားဂိတ်အသစ်
လက်မှတ်အရောင်းကောင်တာ
ဆိုက်ရောက်၊ထွက်ခွာ ခရီးစဉ် List
Bus မလာသေးရင် ဒီနေရာကစောင့်မယ်။
သိချင်တာတွေရှာကြည့်မယ်။
လမ်းညွှန်
ဟော... Bus လာပါပြီ။
Thursday, April 21, 2011
မုန့် ကြာစိ
 ဒီနေ့ တော့ မောင်နှမတွေ မုန့် ကြာစိလုပ်စားဖြစ်တယ်။ ညကတည်းက အလွယ်ရှိတဲ့ ဆန်မှုန့် ၁ထုပ်နဲ့ ကောက်ညှင်းဆန်မှုန့် ၂ထုပ်ကိုရောပြီးမုန့် နှစ်ရအောင်ရေနည်းနည်းထည့်ပြီးနယ်ပါတယ်။ပြီးတော့ စွပ်ကျယ်ထဲထည့်၊ကြိုးစည်းပြီး ရေစစ်အောင် အပေါ်ကငြုပ်ဆုံဖိထားလိုက်ပါတယ်။ ပြီးတော့ဝယ်ထားတဲ့
ထန်းညက်ခဲကိုကြိုပါတယ်။ဒါပေမယ့် ဒီကထန်းညက်ခဲက မြန်မာပြည်က ထန်းညက်လို စေးစေးလေးလဲဖြစ်မလာဘူး။ ကြံသကာနဲ့ တူသလိုပဲ။ ဒါပေမယ့် အချိုကတော့ မပေါ့ဘူး။
ဒီမနက်တော့ မုန့် လုပ်ဖို့  ရေနွေးအိုးအရင်တည်ထားပါတယ်။တဖက်ကလည်း ညကနှပ်ထားတဲ့
မုန့် နှစ်တွေကို လက်တစ်ဆုပ်စာလောက်ခွဲ၊ ရေနည်းနည်းစွတ်ပြီးမုန်.လုံးလို့ ရအောင်ပြန်နှဲပါတယ်။ ရေဆူလာတော့ မုန့် နှစ်လေးတွေကိုခပ်သေးသေးလုံးထည့်ပါတယ်။ မုန့် သားကျက်လို့ ရေပေါ်ပေါ်လာတော့ ဆယ်ပြီးရေအေးထဲ ခဏစိမ်ထားပါတယ်။ တအောင့်လောက်နေတော့ ရေထဲကမုန့် လုံးလေးတွေကိုဆယ်ပြီးဇကာထဲထည့်လို့ ရေစစ်ထားလိုက်ပါတယ်။ ဒီအချိန်မှာ ညကကျိုထားတဲ့ထန်းညက်ရေကိုပွက်အောင်ပြန်ကျိုပြီး ညှစ်ထားတဲ့အုန်းနို့ ရည်ရောပါတယ်၊ပွက်လာရင် ရေစစ်နေပြီဖစ်တဲ့ မုန့် လုံးလေးတွေ ထည်.မွှေလိုက်ပါတယ်။ ဒိနောက်မှာတော့ ကိုယ်စားမယ့်ပန်းကန်လုံးလေးထဲ့၊ ခြစ်ထားတဲ့အုန်းသီးလေးဖြူးလို့ အရသာရှိတဲ့
မုန့် ကြာစိပူပူလေး နံနက်စာ အစာပြေအတွက် အသင့်ဖြစ်ပါပြီရှင်။
ဒီ့ပုံကတော့မလုလုဆီကကော်ပီယူထားတာပါ။
Wednesday, April 20, 2011
အစားထိုး ပိတ်ရက်
အကြောင်းပါ။ ဒီနိုင်ငံမှာက တကယ်လို့ Public Holiday က တနင်္ဂနွေနေ့ မှာကျရောက်တယ်ဆိုရင် နောက်တစ်ရက်ကို ပိတ်ရက်အစားပြန်ပိတ်ပေးပါတယ်။ ဥပမာ အခုလာမယ့် မေဒေးက တနင်္ဂနွေနေ့ ကျတ ယ်လေ။ ဒီတော့ တနင်္ဂနွေက ပုံမှန်ပိတ်ရက်၊ တနင်္လာက မေဒေး အတွက်အစားထိုးပိတ်ပေးတဲ့ရက်၊ဒီလိုပေါ့။
ဒီစနစ်ကိုတော့ကျမသဘောကျတယ်။ မြန်မာပြည်မှာတုန်းက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တော့ အဲဒီအလုပ်က
တနင်္ဂနွေပါဖွင့်တယ်လေ။ Staffတွေကိုတော့တစ်ပါတ်တစ်ရက် အလှည့်ကျပေးနားပါတယ်။ဒါပေမယ့် အခုပြော
သလိုအစိုးရရုံးပိတ်ရက်က ကိုယ့်ရဲ့ နားရက်ကျတယ်ဆိုရင်တော့ကိုယ့်ပိတ်ရက်တစ်ရက် လျော့တာပေါ့။ ဒိုင်စားတယ်ဆိုပြီး အစားထိုးပိတ်ရက်လည်းပြန်မရဘူးလေ။ ကံမကောင်းချင်ရင် ဒီနှစ်မှာကိုယ်က အင်္ဂါနေ့ နားရက်ရတယ်ဆိုပါစို့ ၊ Public Holiday ကလည်း ဒီနှစ်ထဲ ၄၊၅ ခါလောက်ကို အင်္ဂါနေ့ မှာချည်းကျတတ်တယ်။ တကယ်လို့ ဒီမှာလို အစားထိုးပိတ်ရက်လေးသာ ပေးမယ်ဆိုရင် အားလုံးအတွက်
မျှမျှတတဖြစ်တာပေါ့။ ကောင်းတာလေးတွေ့ ရင် အတုယူပါဆိုတဲ့အတိုင်း၊ အတုယူသင့်တာလေး မျှဝေတာပါ။
Monday, April 4, 2011
ကျမ လူကြီးမဖြစ်ချင်ဘူး
ဟုတ်တယ်။တကယ်ပြောတာ။ ကျမ ငယ်ငယ်တုန်းတည်းကဒီလိုပဲတွေးဖူးတယ်။ ဘာမှ အပူအပင် အကြောင့်အကျမရှိတဲ့ ဖြူစင်တဲ့ ကလေးဘ၀လေးကို အရမ်းချစ်တယ်။ သူတို့ မှာ မတော်လောဘမှလည်းမရှိဘူး။အာဃာတ၊အငြိုးတေးတွေလည်းမရှိဘူး။နောင်တနဲ့သောကရောက်ရမဲ့စိတ်ပူပင်ရမှုတွေလည်းမရှိဘူး။သူတိုရဲ့မျက်ဝန်းလေးတွေက
အတ္တမာနတွေ ကင်းစင်ပြီး အမြဲ ကြည်လင်တောက်ပနေတယ်။ သူတို့ နှုတ်ခမ်းလေးတွေက ပျော်ရွှင်မှုနဲ့ အမြဲ
ပြုံးနေတယ်။ သူတို့ လှုပ်ရှားမှုတွေက အမြဲလန်းဆန်းတက်ကြွနေတယ်။ ကျမသူတို့ ကိုအရမ်းချစ်တယ်။ ဒါပေမယ့် အချိန်ဆိုတာကရပ်တန့် ထားလို့ မှမရနိုင်တာ။ အခုတော့ ကျမ မဖြစ်ချင်တဲ့လူကြီးအဖြစ်ကိုရောက်
နေပြီ။ လောဘတွေ၊ သောကတွေ၊ နောင်တတွေနဲ့ ။ ပြိုလဲခဲ့ရတဲ့မျှော်လင့်ချက်တွေနဲ့ ၊ လဲကျလိုက် ပြန်ထလိုက်နဲ့ ၊ အဆုံးရှိပေမယ့် ဘယ်တော့ရောက်မလဲ မသိနိုင်တဲ့ ခရီးတစ်ခုကိုလှမ်းလျှောက်ရင်း ပန်းတိုင်ကိုရှာဖွေဆဲ.......
အပေးနဲ့ အယူ
အပေးအယူတဲ့။ လူတွေရဲ့ စိတ်ထဲမှာ ကိုယ်ကပေးပြီးသွားရင် ကိုယ့်ကို သူကတစ်ချိန်မှာပြန်ကိုပေးရမှာပဲလို့ တွေးထားမိကြသလား။ ဒါဆို ပေးတဲ့အချိန်က စေတနာနဲ့ ကူညီတာပါလို့ ပြောခဲ့တာကရော။ တစ်ဖက်သားက
အခြေနေအကြောင်းကြောင်းကြောင့် ပြန်မကူညီပေးနိုင်ခဲ့ရင် ဒီလူစေတနာနဲ့ မတန်ဘူးလို့ ပြောသင့်သလား။
ဒါဆိုကူညီသူရဲ့ စေတနာက ရော ဖြူစင်ပါတယ်လို့ ဆိုနိုင်မလား။ ကျမကတော့ ကိုယ်တတ်နိုင်လို့ ကူညီပေး
ပြီးရင် အတုံ့ အလှည့်ဆိုတာကြီးကို မမျှော်လင့်ချင်ပါဘူး။ တဖက်သားကလိုအပ်နေချိန်မှာ ကိုယ်ကကူညီနိုင်လို့ 
ကူညီပေးလိုက်တယ်။ သူအဆင်ပြေသွားလို့ ကိုယ်ပီတိဖြစ်တယ်။ကျေးဇူးပြုတယ်၊ကျေးဇူးတုံ့ ပြန်တယ်ဆိုတာက
အင်မတန်မှကောင်းတဲ့အလုပ်ပါ။မင်္ဂလာရှိတဲ့အလုပ်ပါ။ဒီလိုပဲဖြစ်သင့်ပါတယ်။ ငါက ကူညီထားတာပဲ၊ ငါ့ကိုတော့
ပြန်ဆောင်ရွက်ပေးသင့်တယ်လို့ ဆိုပြီး မတတ်နိုင်တဲ့တဖက်သားကို စိတ်ထဲဝန်ထုပ်ဝန်ပိုးဖြစ်အောင် ကြွေးတောင်းသလိုတော့မလုပ်သင့်ဘူး။ ကိုယ်တကယ်စေတနာထားပြီးကူညီလိုက်ရင် တဖက်က မေတ္တာရောင်ပြန်ကလည်းပြန်လာမှာပါ။ပြန်တောင်းနေစရာမလိုပါဘူး။ကျမကတော့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ ကျမရဲ့ ပတ်ဝန်းဝန်းကျင်မှာရှိတဲ့ သူအားလုံးကို ကိုယ်တတ်အားသရွေ့ ကူညီပေးချင်ပါတယ်။ ကျမကို ကူညီဖူးတဲ့
သူတွေကိုလည်း အခွင့်ကြုံတဲ့အခါ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့  ပြန်ကူညီပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်ရှင်။