အပန်းဖြေဖို့ ကမ်းခြေကို
ခရီးထွက်ကြမယ်။
ဘာတွေယူသွားဖို့ လိုအပ်မလဲ။
စားစရာ၊ ဆေးဝါး၊
အသုံးအဆောင်တွေ
သတိတရားနဲ့ လွတ်လပ်ပျော်ရွှင်မှုတွေ၊
သြော် အရေးအကြီးဆုံးက...
ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်းတွေတော့ ပါ ပစေနော်။
နှုတ်ခွန်းဆက်
မင်္ဂလာပါ။
Wednesday, April 8, 2015
Monday, March 9, 2015
လှိုင်းထသွားတဲ့ ငါ့ရင်

မင်းကိုသတိရစိတ်နဲ့ နက်ရှိုင်းနေတဲ့ ငါ့ရင်
ခဏရောက်လာတဲ့မင်းကြောင့်
အတွေးဂယက်တွေ လှိုင်းထ
ယောက်ယက်ခက်သွားခဲ့။
ကြိုဆိုသူများတဲ့ မင်းကို
နှုတ်ဆက်ချင်ပေမယ့် ငါ
အကြာကြီး သတိရအောင်
ပစ်ထားရက်တဲ့ မင်းကို
ခဏတော့စိတ်ကောက်လိုက်ဦးမယ်။
ဘာတဲ့... မင်း ပိုချောလာတယ်ဆိုလား၊
အင်း...ဟုတ်တယ်
မင်းပိုကြည့်ကောင်းလာတယ်။
ခုလိုလေးမင်းကိုမြင်ရတာ ငါပျော်ပါတယ်။
ခုတော့ ငါစိတ်ကောက်ပြေသွားပြီ၊
ဖြူစင်တဲ့ မင်းရဲ့အပြုံးလေးတစ်ချက်ကြောင့်ပေါ့။
ငါအရမ်း သတိရတဲ့အခါတိုင်း
ရောက်လာတတ်တဲ့ မင်းကို ကျေးဇူးပါပဲ ။
Sunday, February 15, 2015
အဖြူလား၊အနက်လား၊တစ်ခုပီသချင်တယ်
ငှက်ဆိုလည်းငှက်
ကောင်းကင်ထက်မှာပျံရအောင်
ငါးဆိုလည်းငါး
ရေမှာပျော်ရအောင်
ဟိုမရောက်ဒီမရောက်
ဖားတစ်ပိုင်းငါးတစ်ပိုင်းတော့
ငါ....မဖြစ်ချင်ပါ။
ကောင်းကင်ထက်မှာပျံရအောင်
ငါးဆိုလည်းငါး
ရေမှာပျော်ရအောင်
ဟိုမရောက်ဒီမရောက်
ဖားတစ်ပိုင်းငါးတစ်ပိုင်းတော့
ငါ....မဖြစ်ချင်ပါ။
Thursday, February 12, 2015
Feb13
ဒီနေ့ ဗိုလ်ချုပ်မွေးနေ့
အနာဂတ်ရဲ့ကြယ်ပွင့်လေးများနေ့
နံနက်ခင်းလေးလှချက်ဗျာ
တိမ်တွေတောင်မှ အဆုပ်အဆုပ်လိုက်ကိုပွင့်ရော.......
အရမ်းလှတယ်။
အနာဂတ်ရဲ့ကြယ်ပွင့်လေးများနေ့
နံနက်ခင်းလေးလှချက်ဗျာ
တိမ်တွေတောင်မှ အဆုပ်အဆုပ်လိုက်ကိုပွင့်ရော.......
အရမ်းလှတယ်။
Saturday, January 10, 2015
RAINBOW
သက်တံလေး၊ သက်တံလေး
မိုးရွာပြီးစ ကောင်းကင်ပြင်မှာတွေ့ရမှာ။
နေခြည်အလင်းတန်းထိုးရင်ကွာ၊
တိမ်စိုင်ကြားက ထွက်ပေါ်လာ၊
ရေမှုန်များကဖြစ်ပေါ်လာ အရောင်အသွေးစုံစွာ။
ခရမ်း၊ မဲနယ်၊ အပြာရယ် အစိမ်း
အ၀ါ၊ လိမ္မော်၊ အနီလည်းပါ။
ရောင်စဉ်ပေါင်းစု လှပစွာ
ပေါ်ထွက်လာတဲ့ သဘာဝပန်းချီကးလေးတစ်ချပ်ပါ။
မိုးရွာပြီးစ ကောင်းကင်ပြင်မှာတွေ့ရမှာ။
နေခြည်အလင်းတန်းထိုးရင်ကွာ၊
တိမ်စိုင်ကြားက ထွက်ပေါ်လာ၊
ရေမှုန်များကဖြစ်ပေါ်လာ အရောင်အသွေးစုံစွာ။
ခရမ်း၊ မဲနယ်၊ အပြာရယ် အစိမ်း
အ၀ါ၊ လိမ္မော်၊ အနီလည်းပါ။
ရောင်စဉ်ပေါင်းစု လှပစွာ
ပေါ်ထွက်လာတဲ့ သဘာဝပန်းချီကးလေးတစ်ချပ်ပါ။
Saturday, December 6, 2014
Thursday, November 20, 2014
လက်ခုပ်သံကြားမှ.........
စင်မြင့်ကြောက်တတ်သူ....ငါ
လက်ခုပ်သံကြားမှ ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့...
ဟာ....ဘယ်သူတွေများငါ့အောက် ခုံလာခုသွားပါလိမ့်...
ဒါဆို...စောစောက လက်ခုပ်သံက
ငါ့ကိုအားပေးနေတာလား...ဒါမှမဟုတ်
ဟေ့....မင်း စင်အောက်ပြန်ဆင်းလို့
လှမ်းအော်နေတာလား...
နေပါကွာ...မင်းတို့ခုံပြန်ယူထားလိုက်
ငါ့ဘာငါ ခပ်အေးအေးလေး နေပါရစေ။
ချီးမွမ်းကဲ့ရဲ့သံတွေ မုန်းလွန်းလို့....။
လက်ခုပ်သံကြားမှ ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့...
ဟာ....ဘယ်သူတွေများငါ့အောက် ခုံလာခုသွားပါလိမ့်...
ဒါဆို...စောစောက လက်ခုပ်သံက
ငါ့ကိုအားပေးနေတာလား...ဒါမှမဟုတ်
ဟေ့....မင်း စင်အောက်ပြန်ဆင်းလို့
လှမ်းအော်နေတာလား...
နေပါကွာ...မင်းတို့ခုံပြန်ယူထားလိုက်
ငါ့ဘာငါ ခပ်အေးအေးလေး နေပါရစေ။
ချီးမွမ်းကဲ့ရဲ့သံတွေ မုန်းလွန်းလို့....။
Subscribe to:
Posts (Atom)





