နှုတ်ခွန်းဆက်

မင်္ဂလာပါ။ လာလည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

Monday, March 9, 2015

လှိုင်းထသွားတဲ့ ငါ့ရင်



င်းကိုသတိရစိတ်နဲ့ နက်ရှိုင်းနေတဲ့ ငါ့ရင်
ခဏရောက်လာတဲ့မင်းကြောင့်
အတွေးဂယက်တွေ လှိုင်းထ
ယောက်ယက်ခက်သွားခဲ့။
ကြိုဆိုသူများတဲ့ မင်းကို
နှုတ်ဆက်ချင်ပေမယ့် ငါ
အကြာကြီး သတိရအောင်
ပစ်ထားရက်တဲ့ မင်းကို
ခဏတော့စိတ်ကောက်လိုက်ဦးမယ်။
ဘာတဲ့... မင်း ပိုချောလာတယ်ဆိုလား၊
အင်း...ဟုတ်တယ်
မင်းပိုကြည့်ကောင်းလာတယ်။
ခုလိုလေးမင်းကိုမြင်ရတာ ငါပျော်ပါတယ်။
ခုတော့ ငါစိတ်ကောက်ပြေသွားပြီ၊
ဖြူစင်တဲ့ မင်းရဲ့အပြုံးလေးတစ်ချက်ကြောင့်ပေါ့။
ငါအရမ်း သတိရတဲ့အခါတိုင်း
 ရောက်လာတတ်တဲ့ မင်းကို ကျေးဇူးပါပဲ  ။

No comments:

Post a Comment