နှုတ်ခွန်းဆက်
မင်္ဂလာပါ။
Tuesday, May 6, 2014
အစိမ်းရောင်Feeling
မင်းရဲ့ အကြည့်စိမ်းစိမ်းတွေကြောင့်
ခင်မင်မှုနဲ့ နွေးထွေးနေတဲ့ ငါ့ရင်ထဲ
ဒေါနစိမ်း ပန်းခင်းလေးဖြစ်သွားတယ်။
နံပါတ်မရှိသေးတဲ့ မင်းရဲ့ contact list
ငါ့မှာရှိနေတယ်။ ဒါပေမယ့် မမေးတော့ပါဘူး။
ငါကပဲ တွယ်တာတတ်လွန်းတာလား
ကံတရားကပဲကြည်စယ်တတ်လွန်းတာလား
တော်ပါပြီ ဒီသံယောဇဉ်တွေဖြတ်
ငါ့ခင်မင်မှုတွေကို သင်းသတ်ပြီး
ကျောက်ဖြစ်ရုပ်ကြွင်း နှလုံးသားလေးနဲ့ပဲ
အသက်ဆက်ရှင်တော့မယ်........
အော်...ဒါနဲ့ စကားမစပ်
မင်းနေကောင်းရဲ့လား ပိန်သွားတယ်နော်
အလုပ်တွေပဲ ရှုပ်နေလို့လား
စိတ်တွေပဲ ရှုပ်နေလို့လား
ကျန်းမာရေးတော့ဂရုစိုက်ပါကွာ။
Sunday, April 6, 2014
Saturday, March 29, 2014
Saturday, February 15, 2014
အမေ့ကို သတိရတယ်
အမေ...မနေ့က တပို့တွဲလပြည့်နေ့လေ။
မှတ်မိသေးတယ်မှတ်လား။
လွန်ခဲတဲ့ နှစ်ပေါင်း၃၇နှစ်လောက်က
ဒီလိုနေ့ရဲ့ညတစ်ညမှာ အသက်နဲ့ရင်းပြီး
သမီးကို ဒီလောကထဲခေါ်ဆောင်လာပေးခဲ့တာ။
ဒီလပြည့်နေ့ရောက်တိုင်း
ဒီနေ့က သမီးမွေးနေ့ပေါ့၊ ရာဟုသမီးလေးလေ။
မွေးကာစလေးမှာထဲက ခေါင်းလေးကိုမတ်နေတာပဲလို့
ပြန်ပြောပြတတ်တဲ့...အမေ
ခုတော့...ဘယ်ဆီမှာရောက်နေပြီလဲအမေရယ်..........။
မှတ်မိသေးတယ်မှတ်လား။
လွန်ခဲတဲ့ နှစ်ပေါင်း၃၇နှစ်လောက်က
ဒီလိုနေ့ရဲ့ညတစ်ညမှာ အသက်နဲ့ရင်းပြီး
သမီးကို ဒီလောကထဲခေါ်ဆောင်လာပေးခဲ့တာ။
ဒီလပြည့်နေ့ရောက်တိုင်း
ဒီနေ့က သမီးမွေးနေ့ပေါ့၊ ရာဟုသမီးလေးလေ။
မွေးကာစလေးမှာထဲက ခေါင်းလေးကိုမတ်နေတာပဲလို့
ပြန်ပြောပြတတ်တဲ့...အမေ
ခုတော့...ဘယ်ဆီမှာရောက်နေပြီလဲအမေရယ်..........။
Wednesday, January 8, 2014
မင်း... ဘာလဲ၊ဘာလုပ်နေလဲ၊ဘာလုပ်မှာလဲ....
မင်း...ဘာလဲ ဆိုတော့
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ
တစ်ထပ်တည်း မကျနေတဲ့သူ
တစ်ယောက်ပေါ့။
မင်း...ဘာလုပ်နေလဲ ဆိုတော့
ပြောကြတာတော့
ဒီဇိုင်းနာတဲ့ ဒါပေမယ့်
ဝါသနာကျဲလို့လား
ပါရမီကဘဲ နည်းလို့လား
ပြောင်မြောက်တဲ့ ဖန်တီးမှု
ငါ... အခုထိမရှိသေး။
ဓါတ်သိတွေကတော့ ပြောကြတယ်
မင်းတို့နေရာက သင်တန်းကျောင်းကြီးတဲ့။
သင်ပေးလိုက် ထွက်သွားလိုက်နဲ့။
စီနီယာမမကတော့ပြောတယ်
ဒို့ ဒီဇိုင်းဟောက်စ်က Tea House က
နံပြားဖိုလို ဟိုဘက်တစ်ချက်လှန်
ဒီဘက်တစ်ချက်လှန်
ဘတ်.. ဘတ်..ဘတ်.. နဲ့
ဟောတစ်ချက် ဟောတစ်ချက်
ရော့ရပြီ အင့်တဲ့။
တစ်ကယ်ဆိုတော့ အနုပညာဖန်တီးတာ
ရင်ထဲကဖီလင်လာမှ
ပီပြင်တဲ့ အရောင်တောက်နိုင်တာမို့
ငါ့ကို အချိန်နည်းနည်းလောက်တော့ပေးပါ။
ဖြစ်ချင်တာပြောရရင်တော့...
မြေဖြူကိုင်တဲ့လက်ပိုင်ရှင်
ခုတော့ ကီးဘုတ်နဲ့ မောက်စ်
ကတောက် ကတောက်....
ငါ့လက်တစ်ဖက်ကိုမြှောက်...
မြေဖြူခဲကိုင်နိုင်တဲ့အချိန်အထိ...
ငါ့အိပ်မက် ဆက်မက်ခွင့်ရှိသေးတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ
တစ်ထပ်တည်း မကျနေတဲ့သူ
တစ်ယောက်ပေါ့။
မင်း...ဘာလုပ်နေလဲ ဆိုတော့
ပြောကြတာတော့
ဒီဇိုင်းနာတဲ့ ဒါပေမယ့်
ဝါသနာကျဲလို့လား
ပါရမီကဘဲ နည်းလို့လား
ပြောင်မြောက်တဲ့ ဖန်တီးမှု
ငါ... အခုထိမရှိသေး။
ဓါတ်သိတွေကတော့ ပြောကြတယ်
မင်းတို့နေရာက သင်တန်းကျောင်းကြီးတဲ့။
သင်ပေးလိုက် ထွက်သွားလိုက်နဲ့။
စီနီယာမမကတော့ပြောတယ်
ဒို့ ဒီဇိုင်းဟောက်စ်က Tea House က
နံပြားဖိုလို ဟိုဘက်တစ်ချက်လှန်
ဒီဘက်တစ်ချက်လှန်
ဘတ်.. ဘတ်..ဘတ်.. နဲ့
ဟောတစ်ချက် ဟောတစ်ချက်
ရော့ရပြီ အင့်တဲ့။
တစ်ကယ်ဆိုတော့ အနုပညာဖန်တီးတာ
ရင်ထဲကဖီလင်လာမှ
ပီပြင်တဲ့ အရောင်တောက်နိုင်တာမို့
ငါ့ကို အချိန်နည်းနည်းလောက်တော့ပေးပါ။
ဖြစ်ချင်တာပြောရရင်တော့...
မြေဖြူကိုင်တဲ့လက်ပိုင်ရှင်
ခုတော့ ကီးဘုတ်နဲ့ မောက်စ်
ကတောက် ကတောက်....
ငါ့လက်တစ်ဖက်ကိုမြှောက်...
မြေဖြူခဲကိုင်နိုင်တဲ့အချိန်အထိ...
ငါ့အိပ်မက် ဆက်မက်ခွင့်ရှိသေးတယ်။
Saturday, December 21, 2013
အဖြူရောင်
ငါရဲ့ အိပ်မက်စောင့်နတ်သမီးရယ်...
မင်း.... သွားများပြောလိုက်လေသလား
သူ့ကို ကိုယ်အရမ်းသတိရနေတယ်ဆိုတဲ့အကြောင်း...
ဒါမှမဟုတ်.....သူကများစေခိုင်းလိုက်သလား...
မင်းကို...ငါ့အိပ်မက်တွေ ဖန်ဆင်း သူ့သတင်းလေးပါးဖို့ကိုပေါ့....
တကယ်တော့ ရင်တွင်းကသံယောဇဉ်...
သူသိအောင်ပြောပြချင်ပေမယ့်...
အဖြူရောင်ဒီကြိုး... အရောင်တွေမဆိုးကောင်းတာမို့...
ဒဏ်ချက်မကင်းတဲ့..ငါ့နှလုံးသား
ရော်ရွက်ဝါတစ်စင်းကို...လုံခြုံအောင်သော့ခတ်လို့...
သော့တံကိုတော့ ကဗျာမြစ်ထဲမျှောချလိုက်တယ်..
အိပ်မက်ပင်လယ်ထဲသို့...စီးဆင်းစေ........................။
မင်း.... သွားများပြောလိုက်လေသလား
သူ့ကို ကိုယ်အရမ်းသတိရနေတယ်ဆိုတဲ့အကြောင်း...
ဒါမှမဟုတ်.....သူကများစေခိုင်းလိုက်သလား...
မင်းကို...ငါ့အိပ်မက်တွေ ဖန်ဆင်း သူ့သတင်းလေးပါးဖို့ကိုပေါ့....
တကယ်တော့ ရင်တွင်းကသံယောဇဉ်...
သူသိအောင်ပြောပြချင်ပေမယ့်...
အဖြူရောင်ဒီကြိုး... အရောင်တွေမဆိုးကောင်းတာမို့...
ဒဏ်ချက်မကင်းတဲ့..ငါ့နှလုံးသား
ရော်ရွက်ဝါတစ်စင်းကို...လုံခြုံအောင်သော့ခတ်လို့...
သော့တံကိုတော့ ကဗျာမြစ်ထဲမျှောချလိုက်တယ်..
အိပ်မက်ပင်လယ်ထဲသို့...စီးဆင်းစေ........................။
Subscribe to:
Posts (Atom)




