ရင်ထဲခံစားမိတာလေး ပြောချင်လို့ ပါ။ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတဲ့ စကားရယ်၊ ခုခေတ်မှာ မိန်းကလေးရယ်ယောက်ျားလေးရယ်မခွဲခြားပဲရင်ဘောင်တန်းပြီးအလုပ်လုပ်နေကြတယ်ဆိုတာရယ်၊ သမ္မာအာဇီဝအလုပ်ဆိုတာတွေနဲ့ လည်းကိုက်ညီပါတယ်။ ဒါပေမယ့် ကျမအခုလုပ်နေရတဲ့ အလုပ်မှာ
မပျော်တော့ဘူး။ တကယ်တော့ ကျမအလုပ်ခေါ်စာမှာ Admin နဲ့  Account စာရေးမရဲ့ လက်ထောက်ဆိုပြီးခေါ်ခဲ့တာ။ ဒီရောက်ပြီးတော့မှ တကယ်လက်တွေ့ လုပ်နေရတာကTTMY(တောက်တိုမယ်ရ)၊
ဒါ့အပြင်စတိုစာရေးမ ထွက်သွားလို့  အဲဒီနေရာပါ တာဝန်ယူပေးပါဆိုတော့လည်း မငြင်းဖြစ်ခဲ့တာ ကျမညံ့တာလား။ ခုတော့စာရေးမနေရာမဟုတ်ပဲ general workerတွေနဲ့ အတူတူ စတိုမှာ ပစ္စည်းရှာ
၊ပတ်ကင်ထုပ်၊ ကုန်တင်ကုန်ချပါလုပ်နေရပြီ။ ဒီလို ကိုယ့်နေရာနဲ့ မတန်တဲ့အလုပ်မျိုး ကျမဆက်လုပ်သင့်သလား။ ဒီလိုလုပ်စရာကောလိုလို့ လား။ ဒါမှမဟုတ်ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ရှိတဲ့နေရာကိုပဲပြန်သင့်သလား။ ထွက်လာခဲ့ပြီးမှ ရည်ရွယ်ချက်တွေမပြည့်ပဲ ပြန်သွားရင် ဇွဲမရှိတဲ့သူလို့ ပြောကြမလား။ ဘာပဲပြောပြော ကျမတော့ ပြန်ချင်ပြီ။ ခုမွေးရပ်မြေမှာကလည်း အပြောင်း
အလဲတွေရှိနေပြီ။ ကိုယ် ကြိုးစားရင်ကြိုးစားသလို၊ ဥာဏ်စွမ်းရှိရင်ရှိသလို အောင်မြင်နိုင်တဲ့ အခွင့်လမ်းတွေပွင့်နေပြီလို့ ပြောကြတယ်။ ပြီးတော့မိသားစုနဲ့ လည်းအတူ့ပြန်နေချင်ပြီ။ တစိမ်းဆိုတာ
ဘယ်လောက်ကောင်းတယ်ပြောပြော၊ ကိုယ့်မိဘသွေးသားရင်းခြာလောက်ကို ဘယ်မှီမလဲ။ အလုပ်မှာအဆင်ပြေချင်တယ်။ ကျမတော့စိတ်နည်းနည်းရှုပ်နေတယ်။ဒါပါပဲ။

No comments:
Post a Comment