နှုတ်ခွန်းဆက်
မင်္ဂလာပါ။
Sunday, September 28, 2014
Tuesday, September 2, 2014
mIssIng
အမေ့ကိုလည်း သတိရတယ်
ငါ့ ကျစ်ဆံမြီးလေးကိုလည်း သတိရတယ်
မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းလေးကိုလည်း သတိရတယ်
မနေ့က ပျောက်သွားတဲ့ ပိုက်ဆံထဲ့တဲ့အိတ်လေးကိုလည်း သတိရတယ်
သူနဲ့အတူပါသွားတဲ့ memory stick လေးကိုလဲ နှမြောမိတယ်
တချို့ကတော့လုံးဝ ပြန်မတွေ့နိုင်တော့ပေမယ့်
တချို့ကတော့ ပြန်တွေ့လိမ့်နိုး
မျှော်လင့်နိုင်သေးတယ်........

Sunday, August 24, 2014
အင်ဂျင်တစ်လုံးနှင့် သူ၏ နဗ်များ
အင်ဂျင်တစ်လုံး ကောင်းကောင်းလည်ပတ်နိုင်ဖို့
Nut အလုံးတိုင်းကောင်းမွန်ဖို့ လိုအပ်တယ်။
မင်းကအသေးငယ်ဆုံး Nut လေးပဲဖြစ်နေပါစေ
အင်ဂျင်ကြီးအတွက်တော့
အားလုံးက အတူတူအရေးကြီးတယ်လေ။
Nut အလုံးတိုင်းကောင်းမွန်ဖို့ လိုအပ်တယ်။
မင်းကအသေးငယ်ဆုံး Nut လေးပဲဖြစ်နေပါစေ
အင်ဂျင်ကြီးအတွက်တော့
အားလုံးက အတူတူအရေးကြီးတယ်လေ။
Saturday, August 2, 2014
ဆုပ်ကိုင်ထားမလား...စွန့်လွှတ်လိုက်မလား....
တစ်ခါတစ်လေကျတော့
ကောင်းမွန်ချိုမြိန်ခြင်းတွေကို မစွန့်လွှတ်နိုင်တော့
ကောင်းမွန်ချိုမြိန်ခြင်းတွေကို မစွန့်လွှတ်နိုင်တော့
ကိုယ်၊စိတ်
ဆင်းရဲရတယ်။
ဒါကြောင့်..........
ငါ့လက်သီးဆုပ်ကိုဖြေလိုက်တယ်
ငါ့ဆီမှာ........
လက်ဗလာပဲကျန်တော့တယ်
ပျော်ရွှင်ခြင်း
ပျော်ရွှင်ခြင်း
မင်း ငါ့ဆီပြန်လာပါ....
Friday, June 6, 2014
သစ်ပင်တစ်ပင်စိုက်ပျိုးခြင်း
ခဏတာပျော်ချင်လျှင် အရက်သောက်ပါ၊
တစ်လတာပျော်ချင်လျှင်တော့ အိမ်ထောင်ပြုပါ၊
တစ်သက်တာပျော်ချင်တယ်ဆိုလျှင်တော့ သစ်ပင်စိုက်ပါတဲ့။
ခု...ငါလည်း သစ်ပင်လေးတစ်ပင် စိုက်ထားတယ်။
မြေယာပေါ်မှာတော့မဟုတ်ဘူးပေါ့။
ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ စိုက်ခင်းကြီးထဲမှာလေ။
ယုံကြည်ခြင်း မြေသြဇာတွေထဲ့ပြီးတော့
မျှော်လင့်ခြင်း ရေတွေကိုလောင်းလို့ပေါ့။
သစ်ပင်လေးက သီးပွင့်ဖို့ သက်တမ်းလိုနေသေးတယ်။
ဒါပေမယ့် ငါကသူ့ဆီကအသီးအပွင့်တွေကို
ဆာလောင်မှုနဲ့ လိုအပ်နေသူတွေကို ဝေပေးချင်နေမိပြီ။
အချိန်မတန်ခင် ခူးဆွတ်လို့လဲမရ။
ဘယ်လောက်တောင် စောင့်ရဦးမှာလဲ။

Tuesday, May 6, 2014
အစိမ်းရောင်Feeling
မင်းရဲ့ အကြည့်စိမ်းစိမ်းတွေကြောင့်
ခင်မင်မှုနဲ့ နွေးထွေးနေတဲ့ ငါ့ရင်ထဲ
ဒေါနစိမ်း ပန်းခင်းလေးဖြစ်သွားတယ်။
နံပါတ်မရှိသေးတဲ့ မင်းရဲ့ contact list
ငါ့မှာရှိနေတယ်။ ဒါပေမယ့် မမေးတော့ပါဘူး။
ငါကပဲ တွယ်တာတတ်လွန်းတာလား
ကံတရားကပဲကြည်စယ်တတ်လွန်းတာလား
တော်ပါပြီ ဒီသံယောဇဉ်တွေဖြတ်
ငါ့ခင်မင်မှုတွေကို သင်းသတ်ပြီး
ကျောက်ဖြစ်ရုပ်ကြွင်း နှလုံးသားလေးနဲ့ပဲ
အသက်ဆက်ရှင်တော့မယ်........
အော်...ဒါနဲ့ စကားမစပ်
မင်းနေကောင်းရဲ့လား ပိန်သွားတယ်နော်
အလုပ်တွေပဲ ရှုပ်နေလို့လား
စိတ်တွေပဲ ရှုပ်နေလို့လား
ကျန်းမာရေးတော့ဂရုစိုက်ပါကွာ။
Sunday, April 6, 2014
Subscribe to:
Posts (Atom)